Tuesday, 5 June 2012

အလွမ်းထဲကအလွမ်း

တိတ်တိတ်လေး . . . .
သူမသိအောင်
မီးလေးမှိတ်
အိပ်လိုက်ပေမယ့်လည်း
ရောက်ဖြစ်အောင်ရောက်လာတယ် ။

ကော်ဖီတစ်ခွက်
ငါ့ရင်ဘတ်နဲ့ထည့်
ဧည့်ခံပြီး . . . .
မိုးလင်းပေါက်အောင် ငါတို့စကားပြောကြ တာတောင်
သူကမကျေနပ်ဘူးတဲ့. . . . ။

အလုပ်ချိန်တွေမှာတောင်
ရောက်ဖြစ်အောင်ရောက်လာသေးတယ် ။

တကယ်ပါ . . . .
ငါသူ့ကို . . . .
ချစ်တယ် ။

တကယ်ပါ
ငါသူ့ကို . . . .
ရင်ခုန်တယ် ။

တကယ်ပါ
အချိန်ရှိသမျှ . . . .
သူ့အတွက်အဖော်လုပ်ပေးချင်တယ် ။

အချိန်အထိ . . . .
ငါ့နှလုံးခုန်နှုန်းတွေ
ရပ်တန့်မသွားမီ
အချိန်အထိပေါ့လေ . . . . ။

အလွမ်းနှင်းဆီရဲ့ အလွမ်း

အိပ်မက်တွေကသောင်မတင်ရေမကျ
အဖြူရောင်ပိတ်ကားပေါ် မှန်ပျပျနဲ့
ငါရဲ့ည....................................
မင်းနှလုံးသားက ငါ့အချစ်ကို
အနီကဒ်ပြ...
မင်းဘ၀ထဲက အပြီးအပိုင်ဖယ်ထုတ်
ငါ့အိပ်မက်တွေ  ရပ်စဲခဲ့ရတဲ့
...........ည....................
ဒီလိုနဲ့ပဲ
နေညိုယယွန်း မှောင်ရိပ်ဖုံးဆည်းဆာနဲ့
ညတစ်ခု.....
ကြယ်ကြွေတယ.်.....................။
တို့နှစ်ယောက်ရဲ့တစ်ခန်းရပ် ပြဇာတ်
ခွဲခွာခြင်း က အနားသတ်ပေးခဲ့..
နောက်ဆုံး စကားတခွန်းနဲ့
ငါထင်ထားတဲ့ စိတ်ကူး
ပြဒါးတစ်လမ်း သံတစ်လမ်း
ဆုံမှတ်တွေလွဲချော်ခဲ့ရ.................
ခရမ်းရောင် နက်ဂတစ်တွေ ဟုန်းခနဲ
ထလောင်ကျွမ်း.....
ကြည်ပြာရောင် ပုလဲအတိတ်တွေနဲ့
နှစ်ပရိစ္ဆေဒ ကြာပစေ
မင်းကို မမေ့ခဲ့ဘူး.......။
ချစ်သူ
ငါနှလုံးသားကို အစိမ်းချုပ်ချုပ်ပြီး
ငါအချစ်ကို ကြိုးကွင်းစွပ်သဂြိုလ်မဲ့ ရက်က
ဘယ်တော့လဲ...?
ဒီလိုနဲ့
သွေးပျက်ည အိပ်မက်
ငါအတိတ်ကို  ပြန်မထွန်းညိုပါနဲ့
ခပ်ဝေးဝေးတစ်နေရာ မှာ
ကျန်ရစ်ခဲတော့.........
မြို့ပြလရောင်ကိုပဲ
ခိုးယူလင်းမြ ငါ
လွမ်းနေလိုက်တော့မယ်......................................။

ခြေရာလေးတွေရဲ့အလွမ်း

တက္ကသိုလ်မြေမှ ထွက်ခွါလာ
အမိမြေမှာ မွေးဖွားတာ
ဥပဒေအရာရှိကျွန်မ
ဖြစ်လာခဲ့ပြီ ဒီတခါ
သတ်မှတ်ချက် စံပုံစံနဲ့ ကျွန်မရုံးတော်ကိုရောက်ရှိခဲ့တယ်
ကြည့်လိုက်ရင် မဲမဲလှုတ်တယ် ဘယ်သူဘယ်ဝါ မမှတ်မိတယ်
အနားနားလေး တိုးကာမှ
သြော်….သူငယ်ချင်းတို့ပါလား….။
ပူလွန်းတဲ့ ဒီရာသီမှာ ချွေးတွေသာ ယိုစီးပေမယ့်
စမတ်ကျတဲ့ ကျွန်မပုံစံ
လေးစားတယ် အများသူငါက
လူကြားထဲမှာ ခေါ်ကြတာ
ချစ်စရာ ဒီဆရာမ…တဲ့။
အများသူငါကို ကူညီဖို့
စာတွေရယ် သင်အံတယ် လက်တွေ့ပါ မအားတယ်
တရားခွင်ထဲ ၀င်ကာရယ် ထိုင်ကာလေ မှတ်သားတယ်
တရားသူကြီးရဲ့ ရှေ့မှောက်ဝယ်
ပြန်ကာလေ စစ်မေးကြတယ်
အဲ့ဒါကို ဘာခေါ်တယ်
Chief and Cross စစ်မေးချက်တဲ့….။
ရုံးတော်ကအပြန် ကျွန်မအသံ
အမှန်အကန် မထွက်တော့ဟန်
ဆရာမရေ….ဆရာမရေ
အော်ခေါ်သံ တကြော်ကြော်နဲ့
ကြားရသည်က စိတ်မသက်သာ မနက်ဖြန်ကာ တင်မယ်တဲ့
နောက်ဆုံးအတွက် လျှောက်လဲချက်တဲ့…..။
လျှောက်လဲချက်တွေ ရေးတဲ့အခါ
သောကတွေလည်း ဝေခဲ့တာ
စီရင်ထုံးတွေ ကိုးကားရ …အဲ့ဒါ ဥပဒေသဘာဝ…။
တက္ကသိုလ်ဘ၀က ဖြစ်ချင်တာ
အရာရှိမလေး တစ်ယောက်ပါ
ခုတော့လည်း တကယ့်တိုက်ပွဲ
ဝင်ရပြန်တော့ စိတ်ဆင်းရဲ….။
ဒါပေမယ့်လည်း ပြန်တွေးတယ်
ကျွန်မလေ တကယ်ဖြစ်ချင်တယ်
အရာရှိမလေးတစ်ယောက်ပါကွယ်
ဆန္ဒတွေနဲ့ ဘ၀တွေလည်း ထပ်တူမကျခဲ့ ရယ်စရာပဲ…။
အမြဲတမ်းပဲ ၀တ်ချင်တာ
စမတ်ကျတဲ့ ယူနီဖောင်းပါ
ခုတော့လည်း အလွမ်းတွေနဲ့
ခုချိန်တိုင်အောင် မေ့မရခဲ့….။
“အလွမ်း”

ရှည်လျားလှတဲ့ ညဥ့်ယံအောက်
ကြယ်ကြွေတွေကို လိုက်ကောက်ရင်း
အိပ်မက်တွေကို သီကုံး
ဆုံးမထင်တဲ့ အလွမ်းတောမှာ
ငါမိန်းမောနေခဲ့တယ်ချစ်သူ။

အနိုင်အရှုံးကင်းတဲ့ ချစ်ခြင်းနဲ့
နင့်နင့်သီးသီး ချစ်ခဲ့မိတာမို့
မြတ်နိုးမိတဲ့နင့်ကို
မြတ်နိုးလွန်းလို့ စွန့်လွှတ်ခဲ့ရတယ်
မပြုံးမပျက် ကျေနပ်ခဲ့ပေမယ့်
နေတတ်ဖို့တော့ အချိန်ပေးပါချစ်သူ။

ထပ်ကြွေမယ့် ကြယ်တပွင့်ကိုမျှော်ငေးရင်း
မျက်ရည်တပေါက် တောက်ခနဲကျတယ်
နင်ပျော်ပါစေချစ်သူ...........။
      အလွမ်း
      ..............................


    တအိအိ  ပြိုဆင်းလာနေတဲ့ 

    မိုးတိမ်တွေ     အောက်မှာပဲ

       ကျွန်တော်

   ခဏ  ခဏ

   ရပ်စောင့် နေမိခဲ့    ။

“ အလွမ်း ”

လွမ်းစရာရှိရင်
နာတာနဲ့ဖြေတဲ့...
နာစရာမရှိတော့...
ဘယ်လို အလွမ်းပြေမလဲ...


ရင်အစုန်ကို ကန်လို့..
သူထွက်သွားခဲ့ရင်တောင်မှ..
ဒီခြေရာလေးကိုပဲ
တသသလွမ်းကျန်ရစ်လေမလားပဲ...


လွမ်းဖို့အတွက်နဲ့တော့..
သီချင်းသံလည်းမလို.. လမင်းကြီးလည်းကြည့်ဖို့မလို...
အတူတူထိုင်နေကျ ဘုရားထောင့်လေးကို မြင်တိုင်း...
အလွမ်းမျက်ရည်က အလိုလိုစီးကျလျက်...


အလွမ်းပြေဖို့..
ငါသီချင်းဆိုနေတာ မဟုတ်...
အလွမ်းပြေဖို့..
ငါစာရေးနေတာ မဟုတ်...
သီချင်းဆိုရင်း စာရေးရင်းက..
အလွမ်းတွေကို မွေးဖွားနေတာပါ...

မင်းဖန်တီးပေးတဲ့ အလွမ်း..
ငါဖန်တီးလိုက်တဲ့ အလွမ်း...
အလွမ်း အလွမ်းတွေ ယှက်နွယ်လို့..
အလွမ်း power infinity တွေနဲ့..
မောင့်ရင်ထဲမှာ အပြည့် တည်နေပြီ အချစ်ရယ်....

သီချင်းများစုစည်းမှု့

“ အလွမ်း ”

“အချစ်”တဲ့

ငါ့“ဒိုင်ယာရီ”မှာ

သတ်ပုံမှားဆဲပဲ။…..။

-ငါ့“ဘ၀”ကို

တစ်ရွက်ချင်း

လှန်နေရင်းနဲ့ပဲ

“ဧ၀”အဖြစ်

အယောင်ဆောင်ကာ

နင်….၀င်လာခဲ့တယ်။…..။

-ဒီ“အာဒံ”ရဲ့

အိမ်မက်ထဲ

“အဆိပ်ပန်းသီး”ကို

အပြုံးတစ်ပွင့်”ခြွေရင်း

ပေးခဲ့တယ်။…..။

-နင့်“မျက်လုံး”တွေကို

“လိမ်”ဖို့

ဒီအပြုံး”ကိုပဲ

“မျက်နှာဖုံး”လုပ်ခဲ့တယ်။…..။

-ငါ့“ရိုးသားမှု”ကို

စားသုံးခဲ့တဲ့

နင်“စကား”တွေက

“မယာ”တွေပဲ

ပြောတတ်ခဲ့တာလားကွာ။…..။

-“အိမ်မက်ဆိုး”

တစ်ခုအဖြစ်

မဆုတောင်းတော့ပါဘူး။…..။

ငါ“ခင်း”ခဲ့လို့

ဒီ“လမ်း”ကို

နင်“နင်း”ခဲ့တာပဲ။…..။

-အခုတော့လေ……….

နင့်“အမုန်း”တွေက

ဒီလူ့

“သွေးကြော”ထဲ

လည်နေခဲ့ပါပြီ။…..။

-ဒီရင်မှာ

ပြသဖို့အတွက်

“ဆောင်ပုဒ်”တစ်ခု

တိုးခဲ့ပါပြီကွာ………

ထိုအရာကတော့……….

“အလွမ်း”တဲ့။…..။

အလွမ်းအဓမ္မ

ပန်းတွေကြွေနွမ်း

စမ်းတွေရေခမ်း

ရင်ထဲမှာ အမြဲလွမ်းနေရတဲနေတဲ့

နွေရာသီ

 ရောက်လို့လာပြန်ပေါ့

ဒီတခါ အေးခဲတာတွေလဲ

ပျောက်ပြီး

ခဲပြီးအေးနေတဲ့

နှလုံးသားကတော့

နွေမှာ ဘယ်လိုပူပူ

ဆက်ပြီး ခဲအေးနေဆဲပါပဲ

လွမ်းတာတွေများလို့ 

ပူတာလား

ပူတာတွေများလို့ 

လွမ်းတာလား

ပူတာကလဲ ပူသလို

လွမ်းတာကလဲလွမ်းတာပါပဲ

ဥသြ ရဲ့ တွန်သံလေးတွေ

ပတ်ဝန်းကျင်တခွင် အဆက်မပြတ်

တဖက်သတ် အလွမ်းတွေလား

လူမသိ သူမသိ အပူတွေလား

ကမ္ဘာကြီးလဲ လှနေလေရဲ့

နွေရာသီကလဲ လှနေလေရဲ့

တောင်လေနဲ့အတူ

အလွမ်းတွေကလဲ

ရင်ဘတ်ထဲ တဲ့တဲ့ ကြီးဝင်လာလေရဲ့

သဘာဝ ကြောင့်ဖြစ်တည်နေတဲ့

ပန်းကလေးများ

ရာသီအလိုက် စည်းကမ်းရှိစွာနဲ့

ပွင့်နေကြတယ်

အော်.........ဒါပေမဲ့လဲ

ငါ့  ရင်ဘတ်ထဲအလွမ်းတွေကတော့

စည်းမရှိ  ကမ်းမသိ 

ဖြစ်နေပါရော့လားဟယ်

ပန်းတွေ ကိုတော့အတူကောက်ပြီး

အလွမ်းတွေကျတော့

ငါတစ်ယောက်ထဲဆိုတော့

နဲနဲမလွန်ဘူးလားလို့

လူတစ်ချို့ကလဲ

အကြွေပန်းတွေ 

အလုအယှက်ကောက်နေလေရဲ့

အချစ်ရဲ့ ဆွဲအားတွေကြေင့်

ဖြစ်တည်နေတဲ့ အလွမ်း

ဘယ်သူကူလို့ ကောက်မှာလဲ

ဖြေတတ်ရင်ဖြေခဲ့ပေးပါ ။

အလွမ်းသိပ်သည်းမှု

တိတ်ဆိတ်ခြင်းကို ဗဟိုပြုပြီး
လွမ်းဆွတ်မှုတွေကို ထုဆစ်ဖို့အတွက်
တွန့်ကြေနေတဲ့ ညရဲ့ ကဗ္မည်းကို
လ က..အလွှာ ပါးပါးလေးနဲ့
ခြုံလွှမ်းပေးထားတယ်...
ဆေးသားပြယ်နေတဲ့ ဓာတ်ပုံလေးရယ်
တွန့်ကြေနေတဲ့ စာခေါက်လေးရယ်က
အလွမ်းတွေကို ပုံဖော်ဖို့အတွက်
အကောင်းဆုံးလက်နက်တွေပါပဲ...
ထိတွေ့မှု ကင်းဝေးနေတဲ့.
ငါ့ရဲ့ ဂစ်တာအိုကလေးကို
ချစ်သူတစ်ယောက်လို
ယုယစွာ ထွေးပွေ့ရင်း
" လွမ်းလိုက်တာ ချစ်သူ " လို့
တိုးတိတ်စွာ ငြီးငြူနေမိတယ်...
သြော်..ကိုယ်ကသာ
အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့နေရတာ
ချစ်သူကတော့...
အခုချိန်လောက်ဆို
ခေါင်းအုံးမှာ ပါးကပ်လို့
အိပ်မက်တွေတောင်
လှနေပြီထင်ပါရဲ့

အချစ် . . . အလွမ်း . . . .အဆွေး

တစ်ခါသာ ပွင့်ဖူး
အချစ်ဦးမို့
ရူးမတတ်ချစ်ခဲ့ရလည်း
ကံဇာတာမှေးမှိန်
အခြေအနေ သေးသိမ်လို့
အဝေးဆုံးကို ဝေးခဲ့ရတယ်...။
အလွမ်းကမ္ဘာ
အလွမ်းရွှာမှာ
အလွမ်းပင်ပျိုးလို့
အလွမ်းဆိုးနဲ့ ရှင်သန်ခဲ့ရလည်း
ကြင်သူမသိ ရင်မှာချိလို့
အသဲခမျာ ဆွေးခဲ့ရရှာတယ်...။

အလွမ်းဆိုတာ

မမျှော်လင့်ရဲ ငါ့ချစ်ခြင်းလည်း
ကုန်ဆုံးကွယ်ပျောက် နိဂုံးရောက်တော့
မေ့လျော့အချစ် မဖြစ်သင့်လို့ 
ငါသည် လွမ်းလို့ နေခဲ့ သည်။

စဉ်းစားဝေခွဲ ငါ့အသည်းကွဲ
တမ်းတသတိရ လွမ်းခဲ့ ည
ဘာကြောင့်ငါသည် ချစ်မိသည်ကို
ကြည်နူးပုံရိပ် ငါမမေ့ဟု
ငါသည်လွမ်းလို့ နေခဲ့ သည်။ ။

အလွမ်းမျိုးစေ့

ကျဲတဲ့ ပျိုးက အလွမ်း မျိုးစေ့ 
လွမ်းဖို့ 
ဘယ်သူ ကျဲမှာလည်း

လွမ်းဖို့
ဘယ်သူ ချစ်မှာလည်း၊

ရင်ကွဲ
ရအောင် မင်းချစ်နေလည်း

ရင်နဲ့ မဆန့် 
မင်းးး
ချစ်နေတာ
မ ကမသိ

မကြည့် မိဘူး အားနာတယ်

တစ်ခဏတာ မထင်မှတ်ဘဲ
ဆုံဆည်းခဲ့ တာ
မျှော်တာ တစ်ယောက်
ပေါ်လာတာ တစ်ယောက်
ဘယ်သူကိုမှ လမ်းမခွဲဘူး
ဖြူစင်
အချစ် ရင်ထဲရှိလို့ 

ချစ်သူသိစေ မြင်ကြည့်လေနော်............။

အကြိုက်ဆုံးအလွမ်း

ဘာမှမပိုင်တဲ့ ကျွန်တော့ ဘဝကြီးထဲမှာ
လျို့ဝှက်သေတ္တာလေး တစ်လုံးတော့ ပိုင်တယ်။

အထဲမှာ မြတ်နိုးမှုတွေရှိတယ် ဖွင့်ပြဖို့တော့ မရည်ရွယ်ဘူး
အရာအားလုံး လွင့်ပြယ်သွားမှာစိုးတယ်။

သော့ခတ်ပြီးတော့လဲ မသိမ်းချင်ဘူး
မွန်းကြပ်လွန်းပြီး ဘဝ အဓိပ္ပါယ် ပျောက်သွားလိမ့်မယ်။

ဘာမှ မဆိုင်တဲ့ ကျွန်တော့ အနာဂတ်ထဲမှာ
လျို့ဝှက်ကြယ်လေး တစ်လုံး ရှိတယ်။

တခါတခါ တမ်းတမိတိုင်း
အဲဒီ ကြယ်လေးကို ရင်ဖွင့်မိတယ်။

သူမကြားပေမယ့် ငါကြားတယ်
အသံတွေတောင် ကွဲအက်လို့။

နာရီသံကတော့ တချက်ချက် မှန်မှန်ပါပဲ
သတိရမိတဲ့ အတွေးတွေကိုတော့ ခပ်တင်းတင်း ဆွဲစေ့လိုက်တယ်
၁၅ မိနစ်အတွင်း ငြင်းဆန်ဖို့လေ။

၁မိနစ် ......,
၂မိနစ် ......,
၃မိနစ် ......,
၎မိနစ် ......,
၅မိနစ် ......,
၆မိနစ် ......,
၇မိနစ် ......,
၈မိနစ် ......,
၉မိနစ် ......,
၁၀မိနစ် ....,
၁၁မိနစ် ....,
၁၂မိနစ် ....,
၁၃မိနစ် ....,
၁၄မိနစ် ....,
၁၅မိနစ် ..............................
....
မိနစ်တံလေး ၁၅ချက်ပြေးသွားတယ်
အရာအားလုံးက ရှိမြဲအတိုင်းပါပဲ။
ကျွန်တော်ကတော့ ကောင်းကင်ပြာကြီးကို ငေးလျက် ...

ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို လွမ်းမယ်
မလွမ်းနဲ့လို့တော့ မတားပါနဲ့။

အလွမ်းဆိုတာကို ဘယ်သူပိုင်လို့လဲ
အလွမ်းဆိုတာကို လွမ်းနေသူသာပိုင်ပါတယ်။

ဒီလူ . . . .အလွမ်း

သာယာတဲ့တေးကိုသီ
ကာရန်တွေမညီပေမယ့်
ငြိမ့်ညောင်းစွာ ဟစ်ကာဆို
ရွေဥသြ၇ဲ့တေးသံကိုမှ
လွမ်းနမိတ်ရဲ့ ငှက်ဆိုးသံလို့
အသဲကွဲသမားတို့ ပြစ်တင်ဝေဖန်ကြသတဲ့....

လမ်းပါစေရွင်ပါစေ

စေတနာရောင်ခြည်သန်း
နေမင်း၇ဲ့ အနမ်းကိုမှ
ပန်တို့က ငိုကာကြွေး
မျက်စောင်းတွေပေးက်ြသးသတဲ့

အဖြူရောင် နှလုံးသားနဲ့

ရိုးအစွာဖွင့်ဟထားတဲ့
ခြောက်ကပ်ကပ်ရင်ခွင်ကိုမှ
တစပြင်လို့သူဆို
အဆိပ်ရေ ပက်ဖြန်းဥပဒေ ပြဌာန်းလိုက်ပုံက
အမည်းရောင်နယ်မြေတဲ့....

နာနေတဲ့နှလုံးသားကိုမှ

မညှာတာမထောက်ထား
မကြာမကြာ ထိုးစစ်ဆင်နေရော့သလား
ဒီ….အလွမ်းရယ်............

ခါးသီးနေ့ရက်တွေဟာ

အတိတ်မှာကျန်ခဲ့တယ်ဆိုပေမယ့်
ဒဏ်ရာရ နှလုံးသားနဲ့ငါ
ခုထိရှင်သန်နေတုံးပါချစ်သူ


………….. ဒီလူ.......အလွမ်း

ကြယ်ကြွေအလွမ်း

ဖြစ်ပြီးရင်  ပျက်

ပျက်ပြီးရင်  ပြန်ဖြစ် ၊

ငါ့ရဲ့  အဖြစ်ကတော့

ပျက်ပြီးရင် ပြန်မဖြစ်တော့ ... 


လန့်ပြီး ထခုန်မိရင်တောင်  ပြန်မကျ၊

ကောက်စရာ  မလိုအောင်လည်း ဘာမှမရှိ ။


စက်ပျက်သွားရင်  လမ်းပေါ်ကန့်လန့်

အတောင်ကျိုးရင်  မြေပေါ်ပက်လက်

ရေလိုက်မှားသွားရင်  ကမ်းမကပ်နိုင်ပဲ  ဒိုက်ပေါ်တင်ကျန်ရစ် ...


နတ္တိဆိုတာတွေက  ဆည်ကန်သင်းထဲကရေလို

အပြည့်အလျှံနဲ့  ကြွယ်ဝလိုက်တာများ

တစ်သက်စာ ဖြုန်းမကုန်နိုင်ခဲ့ ။


ချက်ကြိုးတန်းလန်းနဲ့ 

အသံကုန်ဟစ်ပြီးတည်းက  ဘာမှပါမလာခဲ့တာပဲ ...

ကြယ်တစ်စင်းရဲ့ အပြန်ခရီးမှာလည်း

ဘာမှ ပါမသွားခဲ့တာ  မလွမ်းတော့ပါဘူး . . . ။      ။

တပြည်စီကအလွမ်း

တပြည်စီ က လွမ်း ပုံကို
နှိုးထ လေ ရော့ … သည်မိုး ရယ် …..
အကြောင်း ရှာလို့  ….  မဖြေ သာ
နေပူ လည်းလွမ်း …..
မိုးရွာ လည်းလွမ်း ….
အိုး ….. လွမ်းရတဲ့ သည် အဖြစ်
ကုသိုလ်ကံ ရှိလေ သမျှ
အတွေးနဲ့ သာ ဖြေရ .... ရှာပြီ ... ။

တပြည်စီ မျှော်လွမ်း လေ … တော့
မှုန်ပြာပြာ တိမ်ယံ ကြားမှာ
ထင်ယောင်ကာ တစ်မိုးအောက် … ပေါ့
လေ အဟုန် မှ ……  မယ့် အသံ
ရစ်ဖုံးကာ ကြားပြန် …..  လေ တော့
စောင့်စားလို့  ပေါ်လာနိုး
မျှော်ကာ တမ်းလို့  .... ဆို မိတယ်
ဆုံ တစ်ခါ ...... ပြေးခဲ့  ….  ပါတော့ ….
မြတ်နိုးသူ ….. ရယ် ….. ။
ဖြေရှာလို့  လွမ်းရယ် မပြေ
နွမ်းစေယုံ ညဥ့်ယံ ထက်မှာ
မှေးစက် မပျော် မျက်ဝန်း ဆီ က
မယ့် ယဉ်မူ ပေါ်လာ ပြန်တော့
ဒီ ရင်မှာ မဖြေသိမ့် နိုင်တယ် …
စိတ်မခိုင် မျက်ရည်စို့ လို့  ........
                               တပြည် စီ ခြားနေပါလား …… မြတ်နိုးသူ …. ရယ်  ….. ။

သံယောဇဉ်မြစ်ဖျားကအလွမ်း

♥သံယောဇဉ် မြစ်ဖျားမှ အလွမ်း

အတွေးတစ်ကုဋေ ပန်းမွေ့ရာထက်

အနမ်း ရေသောက်ဆင်းလိုက်တယ်

ယုယကြင်နာ နော့မြူဟန်နဲ့

ချိုသာစကား ပျားရည်မြစ်တွင်း

ချစ်ခြင်းအပြည့် ခရီးဆက်နှင်

အကြင်နာလက်နဲ့ မောင်ထွေးဖက်နော်

မောင့်ရင်ခွင်မှာ ရင်ခုန်နှန်းမြန်

မျက်နှာကွယ်ဝှက် မေတ္တာအိမ်မက်မက်ခဲ့တယ်


နောင်သံသရာထိ ခရီးဆက်မယ်။♥

အလွမ်းတစ်ပုဒ်

လမ်းမမီးရောင်များ
မှုန်ရီဝိုးတ၀ါး
ကြယ်တွေမစုံတဲ့
ညတညမှာ
ခပ်ပြင်းပြင်းအလွမ်း သီချင်းတပုဒ်ကို
အေးစက်စက် ကော်ဖီတခွက်လောက်နဲ့
မျောချလိုက်နိုင်ပေမဲ့
တမ်းတလွမ်းဆွတ်စွာ
မင်းအကြောင်း
စဉ်းစားရင်းနဲ့ ငိုခဲ့ရတဲ့
ညတွေမှာ
ဆူညံသွားတဲ့ ကားတစိးသံ
ကြွေကျသွားတဲ့
ကြယ်ပွင့်တပွင့်ကတောင်
ဖျက်ဆီးနေရာ မယူနိုင်ခဲ့ပါဘူး
ဝေးခဲ့ရသူရေ…..

အလွမ်းကဗျာ

အချစ်ရှုံးသူ.....ငါ
တကယ်တော့
မင်းရဲ့အကြည်တစ်ချက်လေးနဲ့တင်
င်ါက...ခရီးလွန်ခဲ့သူပါ။
လက်တည့်စမ်းတယ်ဆိုပေမယ့်.........
ငါ့နှလုံးသားဗဟိုကိုမှ
မြှားသင့်ခဲ့တာ.....ကံကြမ္မာပဲလား...
ရုတ်တရက်မြှားအနှုတ်မှာ
သွေးစိမ်းလျှင်လျှင်စီးကျ..............
နှလုံးသားမှာဒဏ်ရာဗရပွနဲ့
မင်းကို..........
ငါ...............................
လွမ်း.....မိ......နေ.......ဆဲ။

ထာဝရအလွမ်း

မျတ်ဝန်းကိုစိုးမိုး
အနာဂတ်ကိုသိမ်းပိုက်
သိပ်လှတဲချစ်သူ
မင်းကြောင်.အလွမ်းကို
ရင်ဆိုင်နေရပြီ
အလွမ်းဆိုတာငါအတွတ်
မတောင်းဘဲပြည်.သည်ဆု
အချစ်ရှိလိုအလွမ်းရှိတာ
အချစ်ဆိုတာကိုမသိခဲ.ရင်
အလွမ်းဆိုတာကိုလည်
ငါရင်ဆိုင်ရမှာမဟုတ်ဘူး
မင်းကိုချစ်လိုလွမ်းတာ
အလွမ်းဆိုတာငါအတွတ်
ထာဝရမဖြစ်ရင်ကျေနပ်ပါတယ်.......

ပြန်ချိန်စောင့်အလွမ်း

စွန်ဆိုတာ ကြိုးရှိမှလေပေါ်ဝဲနိုင်သလို
ဘဝဆိုတာ အချစ်ရှိမှ အနေကြာမြဲနိုင်မှာပါ...
တဒင်္ဂတွဲလက်တွေ မခိုင်မှတော့
ရင်နာလည်း လွဲရက်ကတိုင်သွားခဲ့ပြီပဲ...

လားရာမတူ တို့ နှစ်ယောက်အတွက်
ဂုဏ်ဒြပ်ကြား ဆုံမှတ်တွေကို
ခပ်ပေါပေါဖိနပ်တစ်ရံလို မင်းသဘောထားခဲ့တာကိုး.....
ငါ မင်း အပေါ်ထားတဲ့ ချစ်ခြင်းဆိုတာတွေ
မင်းနှုတ်ဖျားက ခပ်ပါးပါးနှုတ်ခမ်းနီလောက်တောင် အရာထင်ခဲ့လို့ လား...



မင်းကိုတော့ ဆရာတင်လောက်ပါတယ်
လှည့်စားပြီး နှုတ်မဆက်ရုတ်တရက်ထွက်ခွာ...
ငါ့အတွက်တော့ အလွမ်းတွေနဲ့ ပြာယာခတ် မှားခဲ့ရတဲ့နေ့ နဲ့ ရက်တွေ...
အပြစ်တော့မတင်ရက်ပါဘူး
ချစ်ခြင်းတွေရက်စွဲတပ် အမြဲမက်တတ် အိပ်မက်တွေကြောင့်ပါ...

တစ်ခေါက်လောက်တော့ ပြန်ဆုံကြည့်ချင်တယ်
မင်း သိမသွားတဲ့ နောက်ကွယ်က ငါ့ချစ်ခြင်းတွေ
မြက်ဖျားနှင်း မဟုတ်ဘူးဆိုတာကို...
ခံစားချက်တွေခင်း မျှော်လင့်ခြင်းရင်းပြီးချိန်ရောက်မှာ
ရှင်သန်ခွင့်တွေမြေမြှပ် ရေတစ်မှုတ်တောင် မကမ်းလင့်ခဲ့ဘူး...

(သာပါတယ်ကွာ)
မာယာတွေပြုစား ကုစားဖို့  ထားခဲ့တာ မုသားတွေပဲလား
လေထဲဆောက်ချင်တဲ့ စိတ်ကူးလို့ ပဲ ယူဆလိုက်ပါ
ခံစားချက်ပန္နက်တွေ ပြန်မနှုတ်ချင်တော့ဘူး
သွားကြားထိုးတံလောက်ပဲမင်းမြင်ခဲ့တာ
ဝါးတစ်ပင်လုံးခုတ်လှဲခံထားရတာ ဘယ်သိနိုင်မှာလဲ...

မျှော်လင့်ချက်ဆိုတာ....
ရေဒါမပါဘဲ ဦးတည်ချက်မဲ့ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းမဟုတ်ဘူး
အိပ်မက်ဆိုတာ....
မြစ်ဖျားခံရာအရပ်မရှိတဲ့ မြစ်တစ်စင်မဟုတ်ဘူး
အချစ်ဆိုတာ...
လေတိုက်တိုင်းယိုင်တတ်တဲ့ ခပ်နွဲ့ နွဲ့ သစ်တစ်ပင်မဟုတ်ဘူး
မာနတော့ရှိသင့်ပါတယ်
ကိုယ့်အတ္တကိုတော့ပြန်မလိမ့်သင့်ဘူး...
မျှော်လင့်ထားတာတွေ
ကြယ်တစ်ပွင့်လို ကြွေချိန်တန်မှာတော့...
ချစ်ခြင်းတွေအတွက် ခုခံနိုင်ဖို့  ဘာကိုဆုတောင်းနေရမှာလဲ........။   ။

သင်္ကေတမဲ့အလွမ်း

ငါအလွမ်းတေးကို

ကူဖေါ်လောင်ဖက်

ဥသြငှက်က သီဆိုပေးတယ်

ဘယ်စီကိုရည်

ဘယ်သူကို ရွယ်လို့

မျှော်ရခေါ်ရ အော်ရမလဲ

လေရူးတသိုက် 

နွေကို ဦးခိုက်တိုင်း

စူးစူးစိုက်စိုက် ရူးမိုက်တတ်လာတယ်။

သတိယတတ်ဖို့

သင်ပြပြီးနှင်ချတာကိုလဲ

ကျေးဇူးတွေ တသီတတန်း

သက်တန်းတလျှောက်

လှမ်းထောက်ပါရစေ

ကြိုလင့်သူမရှိတဲ့ အောင်ပွဲခံမှုမျိုး

လမ်းမမြင်ပဲ ခရီးသွားနေရသလိုမျိုး

အမျိုး မျိုး တွေနဲ့ အမြဲတန်း

အမြစ်တွယ်ခဲ့လို့လဲ 

မြုတ်မြုတ်နစ်နစ်

နစ်မျှောခဲ့တယ်

နှောင်းအရင်က

ဆိုးသွမ်းမှုကို သွန်းခဲ့ပေမယ့်

ရင်ကို ရေလောင်းပေါင်းသင်

၃၉-မြောက်လက်နက်ကို

အရှုံးပေးထားတယ်

တဖက်ကညာတယ်ဆိုရင်လဲ

တဖက်သတ်ပဲ နာပါတယ်

ပိတောက်တွေပွင့်တော့မယ်

အရောက်လာမယ်ဆိုရင်ပေါ့

နမ်းခဲ့ တဲ့နေရာ

လှမ်းလို့လာပါ

မလာရင်လဲ 

ကြမ္မာကိုလွှဲ ရိုးမယ်ဖွဲ့  လွမ်းလိုက်ပါတော့မယ်
......
....

လွမ်းလိုက်ပါတော့မယ်။

အလွမ်း

လာကြည့်လှည့် ချစ်သူ..
နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်
အထီးကျန်နေတယ်..


နွေးဦးကို ဖြတ်ခဲ့ပေမဲ့
ငါ့မှာ နွေးထွေးမှုလေးတစ်ခုတောင် မပေရေခဲ့ပါဘူး..
မိုးတွေရွာလို့ မိုးမထိလူသား..
နှင်းတွေကြွေတော့ နှင်းမခလူသား..
လောကမှာ သုံးရာသီပဲ ဆိုရင်တော့..
ငါဟာ လောကအပြင်က အကောင်တစ်ကောင်သာ ဖြစ်တယ်..


ဒါပေမဲ့..
ငါဟာလေ.. မိုးရွာတုန်းတော့ ရေအခံ ခံထိတဲ့ ကောင်ပါကွဲ့
ငါဟာလေ.. မိုးရွာတုန်းရေအခံ ခံထိတဲ့ ကောင်ပါကွဲ့..
ငါ့နှလုံးသားထဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
နာမည်ပျက်စာရင်းမထည့်ခဲ့ပါဘူး..
လိုသမျှသာ အကုန်ယူသွားပါ..
ဒါပေမဲ့ ငါ့ကို အခွင့်အရေးတစ်ခုတော့ပေး..
ဒီလိုညတွေ.. ရှန်ပိန်မရှိရင်တော့
ငါ အိပ်မပျော်ဘူး..


ပညာရှိစကားတစ်ခု ကြားဖူးတယ်..
သီလတရားမှာ ချွန်းချက်မရှိဘူးတဲ့..
ဒါကြောင့် ငါ နေ့တိုင်း ငါးပါးသီလမခံဖြစ်..
ဒီလိုနဲ့..
လူတွေနဲ့ မတည့်ဘူး ဖြစ်ဖြစ်သွား..


ဒါပေမဲ့.. ချစ်သူရေ..
မင်းအတွက်ဆိုရင်ပေါ့..
သူများတွေ မမြင်ရတော့အောင်လို့
မာယာသော့တွေနဲ့ အထပ်ထပ်ခတ်ထားတဲ့
ငါ့ ရင်ခုန်သွေးတွေကိုလည်း
လျော့ဈေးပေးပြီးရောင်းရဲပါတယ်


မင်းတည်မဲ့ မြို့ကို ကူဖို့
လက်သမားပညာမတတ်ဘူး..
ပန်းရံပညာလည်း မတတ်ခဲ့ပါဘူး..
ဒီတော့ ချစ်သူရေ..
ငါ့ကို မင်းတည်မဲ့ မြို့အတွက်
မြေလွတ်မြေရိုင်းတစ်ခုတော့ ဖြစ်ခွင့်ပေးပါ..
မြေလွတ်မြေရိုင်းတစ်ခုတော့ ဖြစ်ခွင့်ပေးပါကွဲ့..


ငါလေ.. လူကျင့်လူကြံတွေ
သင်ခဲ့သေးရဲ့..
တတ်လည်းတတ်ခဲ့သေးရဲ့..
ဒါပေမဲ့ ဘာကြောင့်မှန်း မသိတော့ပါဘူးကွယ်..
ကျင့်လိုက်တိုင်း ကြံလိုက်တိုင်း..
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲရောက်ရောက်ပြီး
မေ့မေ့ကုန်တယ်..


အောင်မြင်မှုနဲ့ သစ္စာ
ဘာကိုရွေးရမလဲဆိုတာ ငါ့ကိုငါ ပြန်မေးစရာမလိုတော့..
ငါ့ဘဝက..
ပန်းတိုင်မရှိတဲ့ မာရသွန်ပြေးပွဲ..


ဒါပေမဲ့ပေါ့..
လာကြည့်လှည့် ချစ်သူ..
နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်
တစ်ချပ်တည်း..
အထီးကျန်နေတယ်....

လွမ်းတယ်

သံယောဇဉ် ဆိုတာကြောင့်

အချစ်တွေ ခိုင်တည်…

အချစ်ဆိုတာကြောင့်


(ခုဆို) အလွမ်းတွေ ဆွတ်ပျံ့..

အလွမ်းဆိုတာကြောင့်သာ ..


အတောင်ပံတွေ ပေါက်ဖွား လာနိုင်ခဲ့ရင်…

(ငါလေ....)

ချစ်သူဆီ ....

ပျံ သန်း နေလောက်ပြီ…။

အလွမ်း

                    အလွမ်းတွေပြည့်နက်နေတဲ့ငါ့ကမ္ဘာ
                        
                        နေ့တိုင်းလွမ်း

                        ညတိုင်းလွမ်း

                        လွမ်းလွန်းလို့ငါ

                        လွမ်းခဲ့ရတဲ့ရက်တွေ

                        လွမ်းခဲ့ရတဲ့ညတွေ

                        မင်းလေးမသိနိုင်ပေမယ့်

                        လွမ်းနေတဲ့ငါ

                        ဆွေးနေတဲ့ငါ

                        ငါ့ကိုငါအသိဆုံးပါ

                        မင်းလည်းပဲလွမ်းတတ်မှာပါ

                        ဒါပေမယ့်.....

                        မင်းငါ့ကိုလွမ်းတဲ့အလွမ်းထက်

                        ငါမင်းကိုလွမ်းတဲ့အလွမ်းက

                        ပိုသာတယ်ဆိုတာ

                        မင်းလေးသိနိုင်မှာမဟုတ်ဘူး

အွန်လိုင်းအခမဲ့ဂိမ်းများ


Car Games War Games
Taxi Gone Wild Terrordactyl Carnivore
Mario Games Bike Games
Super Mario 63 Nuclear Bike
Shooting Games Kids Games
13 Days in Hell Gimme 5 Movie
Fighting Games Football Games
Fisticuffs Boxing Peace Queen Cup Korea
Girls Games Dress Up Games
Tokio Hotel Jemima Dressup
®Add Games My WebSite - By Game38.com - Juegos Juegos®

အလွမ်း

အလွမ်းနဲ့  ထိခတ်သမျှ

ကြေမွ....

နာကျည်းမှု စကားလုံးတိုင်းက

ပြာကျ....

အထီးကျန် အတွေးတွေနဲ့ 
အတွင်းကြေ....

လျှို့  ၀ှက်လှိုက်စားတဲ့ 

အသည်းနာ...

ခွဲစိပ်ရင်းတစ်ဘ၀လုံး

အမာရွတ်တွေ အထပ် ထပ်

နံနက်ခင်းများ က အသက်မဲ့ခဲ့ပေါ့.........။။။

မင်းအကြည့်တွေ ခိုးခိုးနမ်းရင်းနဲ့ 

အလွမ်းစိတ်တတ်ခဲ့ရသူပါ...

အနမ်းတွေဆာလောင်တိုင်း

နင့်ကိုပဲ အရိုးစွဲအောင်လွမ်းတယ်......။။

တိတ်တခိုးနဲ့  ချစ်ရသူမှာ

အသက်က အလွမ်းနဲ့  လင်းတယ်....
ုဆုံနိုင်ခွင့်ကိုမျှော်လင့်လို့ 

စိတ်ကူးစိမ်းတွေနဲ့  အိမ်မက်မက်နေရသူပါ.......။။

ကောင်မလေး....ရယ်

ငါ့ အလွမ်း....(တစ်ဖက်သတ်)

နင့်အနမ်း.... (မျှော်လင့်ချက်)
တကယ်တမ်းတော့...

နင်နဲ့  ပတ်သက်ရင်

ငါက... ဘက်ဂီယာပဲအသုံးပြုခွင့်ရသူပါ.......။။

ပဋိပက္ခ္ခဆောင်းရဲ့ အလွမ်း

 နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..

အေးမြတဲ့ဆောင်းလည်း
ပဋိပက္ခ ဆန်သလို
နွမ်းလျှစေတဲ့ အလွမ်းကလည်း
သမိုင်းမတွင်တဲ့ အက္ခရာလိုပဲ
တစ်ကယ်တော့....
ဝှက်ထားခြင်းခံရတဲ့ ဥပေက္ခာ တရားတစ်ခုပဲ..

ဓါးသွားလို ထက်မြ
ရှတတဲ့ အကြည့်ရိုင်းတွေအောက်မှာ
စကားမှိုင်းတွေလောက် ဘဝကို ပြာကျစေတာတောင်
ရင်ခုန်သံတွေက ကြီးကျယ်လို့ ကောင်းတုန်း...

နှလုံးသားရဲ့
လက်နက်
မျက်ရည်စက်မသုံးပဲ
အကြည့် တစ်ခုနဲ့တင်
ကာလတွေ ရော်ရင့်
ညဥ့်နက်တွေ အဓိပ္ပါယ်ရှိခဲ့တာ
အိမ်မက် အဖြစ် ကျန်ရစ်ခဲ့ချင်လို့ မဟုတ်ဘူး..


စကားမကြွယ်တဲ့
နှုတ်ဖျားက ကြားချင်တဲ့
စကားတစ်ခွန်းက ..အတ္တဆိုရင်တောင်
အဲဒီအတ္တက ဘဝကို ခြစား စေလောက်တယ်..

တစ်ခါတစ်လေ
တွေးကြည့်မိတယ်....

မိုးခါးရေ မြိုင်မြိုင်သောက်
လောကဓံ လက်ချောင်းတွေနဲ့
နာကျင်ခြင်းကို မေးတင်ခဲ့တာတောင်
မလောက်ငတဲ့ ဝေးကွာမှုတွေကြောင့်
အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း....။
အလွမ်းတွေနဲ့ည
ဝေးနေရတဲ့ တို့ရဲ့ကမ္ဘာ
မောင့်ဘ၀ရဲ့ ဆည်းဆာငယ်
သံယောဇဉ်ငယ် ရင်မှာဖွဲ့တည်
ချစ်ခြင်းတို့ရဲ့ အနားသတ်မျဉ်း
မုဒိတာပွားနှလုံးသားဝယ်
အပြုံးများနဲ့ ပေးဆပ်ချစ်မယ် . . . . .
ကြင်သူငယ်ရေ
မိုင်ထောင်ချီခြား ဝေးနေရလည်း
နှလုံးသားခြင်း ပေါင်းစပ်မှု့နဲ့
ထာဝရရင်မှာရှင်သန်မယ် . . . . .
welcome to AlwanMyoTaw@gmail.com
ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်