Tuesday, 5 June 2012

“ အလွမ်း ”

လွမ်းစရာရှိရင်
နာတာနဲ့ဖြေတဲ့...
နာစရာမရှိတော့...
ဘယ်လို အလွမ်းပြေမလဲ...


ရင်အစုန်ကို ကန်လို့..
သူထွက်သွားခဲ့ရင်တောင်မှ..
ဒီခြေရာလေးကိုပဲ
တသသလွမ်းကျန်ရစ်လေမလားပဲ...


လွမ်းဖို့အတွက်နဲ့တော့..
သီချင်းသံလည်းမလို.. လမင်းကြီးလည်းကြည့်ဖို့မလို...
အတူတူထိုင်နေကျ ဘုရားထောင့်လေးကို မြင်တိုင်း...
အလွမ်းမျက်ရည်က အလိုလိုစီးကျလျက်...


အလွမ်းပြေဖို့..
ငါသီချင်းဆိုနေတာ မဟုတ်...
အလွမ်းပြေဖို့..
ငါစာရေးနေတာ မဟုတ်...
သီချင်းဆိုရင်း စာရေးရင်းက..
အလွမ်းတွေကို မွေးဖွားနေတာပါ...

မင်းဖန်တီးပေးတဲ့ အလွမ်း..
ငါဖန်တီးလိုက်တဲ့ အလွမ်း...
အလွမ်း အလွမ်းတွေ ယှက်နွယ်လို့..
အလွမ်း power infinity တွေနဲ့..
မောင့်ရင်ထဲမှာ အပြည့် တည်နေပြီ အချစ်ရယ်....

No comments:

Post a Comment

ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်