Saturday, 16 June 2012

အလွမ်းတိတ်အောင်ငိုခဲ့တယ်

မင်း ငါ့ကို မေ့နေလောက်ပြီထင်ရဲ့
မင်း နေကောင်းရဲ့လား
မင်း အဆင်ပြေရဲ့လား
မင်းနဲ့ငါ မဆုံဖြစ်ကြတော့တဲ့နောက်ပိုင်းရက်တွေမှာ
ငါ့ကိုယ်ငါ ချော့ပေါင်းနေရတာ မင်းမသိဘူး
ငါတို့ရဲ့အကွာအဝေးက...
ဘယ်လိုမှမနီးနိုင်လောက်တဲ့အနေအထားမျိုးလား
ငါ မင်းကို သိပ်လွမ်းတယ်။

ငါ့အချစ်ကို မင်းမြင်ချင်ရင်
ငါ့ရင်ဘတ်ထဲအထိဝင်ကြည့်မှရမယ်
စံပယ်ပွင့်လေးတွေကို မြင်လေတိုင်း
မင်းကြိုက်တဲ့သီချင်းလေးတွေကို နားထောင်မိတိုင်း
မင်းကို တမြေ့မြေ့လွမ်းမိတဲ့စိတ်က
ငါ ဘယ်လိုမှခံနိုင်ရည်မရှိဘူး။

မင်း ပျော်နေရဲ့လား
မင်း အဆင်ပြေနေတယ်မဟုတ်လား
အဝေးက ထိုင်ငေးနေရတဲ့အရသာ
ခါးသက်သက်ခံစားရပေမယ့်
မင်းပျော်နေတယ်ဆိုရင် ငါပျော်တယ်။

ငါ မင်းကို သိပ်ချစ်တယ်
သေချာတယ်
ဘယ်လိုပဲငိုကြွေးငိုကြွေး
မင်းကိုလွမ်းနေတဲ့စိတ်က
ဘယ်တော့မှတိတ်မှာမဟုတ်ဘူး။

တိုးတိုးလေးလွမ်းတယ်

မျှော်ကိုးခြင်း မရှိတဲ့... အဆုံးမဲ့ချစ်ခြင်းရဲ့ နောက်မှာ
ငါဟာ မနေ့ကလိုပဲ
တိတ်တိတ်လေး ချစ်ဆဲ...
တိတ်တိတ်လေး လွမ်းဆဲ ပါ။
 
မနေ့ကတော့ ရင်ဘတ်ထဲ ပူတယ်
လူပဲလေ... တစ်ခါတလေလည်း
ပက်ပက်စက်စက် ပေါက်ကွဲလွမ်းဆွတ်မိတတ်တာပေါ့။
ခုညတော့ ရင်ထဲ အေးမြနေတယ်
တစ်ချိန်က ပြောဖူးတဲ့ စကားလေးတွေကို
Chat History မှာ ပြန်ရှာဖတ်ရင်းပေါ့။

အလိုတော်ရှိရင် ပြန်ဆုံဖို့ အသင့်ဖြစ်ချင်တယ်
ဒီရင်ခွင်အခန်းထဲ ဘယ်သူမှ မရှိဘူး
တစ်ယောက်တည်းရယ်...
တိုးတိုးလေးတော့ သီချင်းဆိုနေမိတယ်။
“ငါ လွမ်းနေဦးမယ်။”

ငါ . . . . . လွမ်းတယ်

ပန်းနုရောင် နီမြန်းတဲ့ သူ့ နှုတ်ခမ်း
အိမ်မက်များ ပျိုးကျဲမိတယ်
နှလုံးသွေးတွေ ယိုစီးကျ
“ ချစ်တယ် ” လို့ သူပြောမယ့်ခဏ
ဒိုင်ယာရီစာမျက်နှာတိုင်းမှာ တောင့်တခဲ့ဖူးတယ်။   ။

နေထွက်တယ် နေ၀င်တယ်
လသာတယ် ကြယ်ကြွေတယ်
သိပြီးသားပါချစ်သူ
နင်မသိသေးတဲ့
အချစ်မှာ အချစ်ပဲရှိတယ် ဆိုတာ
နင်ဖတ်တဲ့ စာအုပ်တိုင်းမှာ ငါရေးပြလိုက်ချင်တယ်။  ။

နုအိတဲ့ သူ့လက်
ငါ လက်ငါးချောင်းတောင် ပွေ့ဖက်လို့ မပြီးခင်
ခုန်တန်းရှည် အစွန်းနှစ်ခုမှာ
ဒီဇာတ်က တစ်ခန်းရပ်ခဲ့ကြတယ်။   ။

မျက်ရည်တွေနဲ့ ငါကြေကွဲခန်းကို
ငွေ့ရည်မဖွဲနေတော့ဘူး …
ငါ လွမ်းတယ် ချစ်သူ
ဒါထက်လှလှပြောဖို့ နှလုံးသားက
အလုပ်မလုပ်တော့ဘူး။   ။

ငှက်တွေက တေးဆိုရပ်
မလည်ပတ်တော့တဲ့ ငါ့ကမ္ဘာမှာ
နာရီလက်တံတွေ ဆိုင်းငံနေကြတယ်
သောက်နေကျ ခါးသက်သက် ကော်ဖီတစ်ခွက်တောင်
မဖြေသိမ့်နိုင်တော့ဘူး။   ။

……………………………
ငါလွမ်းတယ် ချစ်သူ…… ။   ။

                                                                    
ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်