Tuesday, 5 June 2012

ခြေရာလေးတွေရဲ့အလွမ်း

တက္ကသိုလ်မြေမှ ထွက်ခွါလာ
အမိမြေမှာ မွေးဖွားတာ
ဥပဒေအရာရှိကျွန်မ
ဖြစ်လာခဲ့ပြီ ဒီတခါ
သတ်မှတ်ချက် စံပုံစံနဲ့ ကျွန်မရုံးတော်ကိုရောက်ရှိခဲ့တယ်
ကြည့်လိုက်ရင် မဲမဲလှုတ်တယ် ဘယ်သူဘယ်ဝါ မမှတ်မိတယ်
အနားနားလေး တိုးကာမှ
သြော်….သူငယ်ချင်းတို့ပါလား….။
ပူလွန်းတဲ့ ဒီရာသီမှာ ချွေးတွေသာ ယိုစီးပေမယ့်
စမတ်ကျတဲ့ ကျွန်မပုံစံ
လေးစားတယ် အများသူငါက
လူကြားထဲမှာ ခေါ်ကြတာ
ချစ်စရာ ဒီဆရာမ…တဲ့။
အများသူငါကို ကူညီဖို့
စာတွေရယ် သင်အံတယ် လက်တွေ့ပါ မအားတယ်
တရားခွင်ထဲ ၀င်ကာရယ် ထိုင်ကာလေ မှတ်သားတယ်
တရားသူကြီးရဲ့ ရှေ့မှောက်ဝယ်
ပြန်ကာလေ စစ်မေးကြတယ်
အဲ့ဒါကို ဘာခေါ်တယ်
Chief and Cross စစ်မေးချက်တဲ့….။
ရုံးတော်ကအပြန် ကျွန်မအသံ
အမှန်အကန် မထွက်တော့ဟန်
ဆရာမရေ….ဆရာမရေ
အော်ခေါ်သံ တကြော်ကြော်နဲ့
ကြားရသည်က စိတ်မသက်သာ မနက်ဖြန်ကာ တင်မယ်တဲ့
နောက်ဆုံးအတွက် လျှောက်လဲချက်တဲ့…..။
လျှောက်လဲချက်တွေ ရေးတဲ့အခါ
သောကတွေလည်း ဝေခဲ့တာ
စီရင်ထုံးတွေ ကိုးကားရ …အဲ့ဒါ ဥပဒေသဘာဝ…။
တက္ကသိုလ်ဘ၀က ဖြစ်ချင်တာ
အရာရှိမလေး တစ်ယောက်ပါ
ခုတော့လည်း တကယ့်တိုက်ပွဲ
ဝင်ရပြန်တော့ စိတ်ဆင်းရဲ….။
ဒါပေမယ့်လည်း ပြန်တွေးတယ်
ကျွန်မလေ တကယ်ဖြစ်ချင်တယ်
အရာရှိမလေးတစ်ယောက်ပါကွယ်
ဆန္ဒတွေနဲ့ ဘ၀တွေလည်း ထပ်တူမကျခဲ့ ရယ်စရာပဲ…။
အမြဲတမ်းပဲ ၀တ်ချင်တာ
စမတ်ကျတဲ့ ယူနီဖောင်းပါ
ခုတော့လည်း အလွမ်းတွေနဲ့
ခုချိန်တိုင်အောင် မေ့မရခဲ့….။

No comments:

Post a Comment

ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်