တိတ်ဆိတ်ခြင်းကို ဗဟိုပြုပြီး
လွမ်းဆွတ်မှုတွေကို ထုဆစ်ဖို့အတွက်
တွန့်ကြေနေတဲ့ ညရဲ့ ကဗ္မည်းကို
လ က..အလွှာ ပါးပါးလေးနဲ့
ခြုံလွှမ်းပေးထားတယ်...
ဆေးသားပြယ်နေတဲ့ ဓာတ်ပုံလေးရယ်
တွန့်ကြေနေတဲ့ စာခေါက်လေးရယ်က
အလွမ်းတွေကို ပုံဖော်ဖို့အတွက်
အကောင်းဆုံးလက်နက်တွေပါပဲ...
ထိတွေ့မှု ကင်းဝေးနေတဲ့.
ငါ့ရဲ့ ဂစ်တာအိုကလေးကို
ချစ်သူတစ်ယောက်လို
ယုယစွာ ထွေးပွေ့ရင်း
" လွမ်းလိုက်တာ ချစ်သူ " လို့
တိုးတိတ်စွာ ငြီးငြူနေမိတယ်...
သြော်..ကိုယ်ကသာ
အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့နေရတာ
ချစ်သူကတော့...
အခုချိန်လောက်ဆို
ခေါင်းအုံးမှာ ပါးကပ်လို့
အိပ်မက်တွေတောင်
လှနေပြီထင်ပါရဲ့
No comments:
Post a Comment