Tuesday, 5 June 2012

ကြယ်ကြွေအလွမ်း

ဖြစ်ပြီးရင်  ပျက်

ပျက်ပြီးရင်  ပြန်ဖြစ် ၊

ငါ့ရဲ့  အဖြစ်ကတော့

ပျက်ပြီးရင် ပြန်မဖြစ်တော့ ... 


လန့်ပြီး ထခုန်မိရင်တောင်  ပြန်မကျ၊

ကောက်စရာ  မလိုအောင်လည်း ဘာမှမရှိ ။


စက်ပျက်သွားရင်  လမ်းပေါ်ကန့်လန့်

အတောင်ကျိုးရင်  မြေပေါ်ပက်လက်

ရေလိုက်မှားသွားရင်  ကမ်းမကပ်နိုင်ပဲ  ဒိုက်ပေါ်တင်ကျန်ရစ် ...


နတ္တိဆိုတာတွေက  ဆည်ကန်သင်းထဲကရေလို

အပြည့်အလျှံနဲ့  ကြွယ်ဝလိုက်တာများ

တစ်သက်စာ ဖြုန်းမကုန်နိုင်ခဲ့ ။


ချက်ကြိုးတန်းလန်းနဲ့ 

အသံကုန်ဟစ်ပြီးတည်းက  ဘာမှပါမလာခဲ့တာပဲ ...

ကြယ်တစ်စင်းရဲ့ အပြန်ခရီးမှာလည်း

ဘာမှ ပါမသွားခဲ့တာ  မလွမ်းတော့ပါဘူး . . . ။      ။

No comments:

Post a Comment

ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်