Saturday, 16 June 2012

တိုးတိုးလေးလွမ်းတယ်

မျှော်ကိုးခြင်း မရှိတဲ့... အဆုံးမဲ့ချစ်ခြင်းရဲ့ နောက်မှာ
ငါဟာ မနေ့ကလိုပဲ
တိတ်တိတ်လေး ချစ်ဆဲ...
တိတ်တိတ်လေး လွမ်းဆဲ ပါ။
 
မနေ့ကတော့ ရင်ဘတ်ထဲ ပူတယ်
လူပဲလေ... တစ်ခါတလေလည်း
ပက်ပက်စက်စက် ပေါက်ကွဲလွမ်းဆွတ်မိတတ်တာပေါ့။
ခုညတော့ ရင်ထဲ အေးမြနေတယ်
တစ်ချိန်က ပြောဖူးတဲ့ စကားလေးတွေကို
Chat History မှာ ပြန်ရှာဖတ်ရင်းပေါ့။

အလိုတော်ရှိရင် ပြန်ဆုံဖို့ အသင့်ဖြစ်ချင်တယ်
ဒီရင်ခွင်အခန်းထဲ ဘယ်သူမှ မရှိဘူး
တစ်ယောက်တည်းရယ်...
တိုးတိုးလေးတော့ သီချင်းဆိုနေမိတယ်။
“ငါ လွမ်းနေဦးမယ်။”

No comments:

Post a Comment

ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်