Saturday, 16 June 2012

အလွမ်းတိတ်အောင်ငိုခဲ့တယ်

မင်း ငါ့ကို မေ့နေလောက်ပြီထင်ရဲ့
မင်း နေကောင်းရဲ့လား
မင်း အဆင်ပြေရဲ့လား
မင်းနဲ့ငါ မဆုံဖြစ်ကြတော့တဲ့နောက်ပိုင်းရက်တွေမှာ
ငါ့ကိုယ်ငါ ချော့ပေါင်းနေရတာ မင်းမသိဘူး
ငါတို့ရဲ့အကွာအဝေးက...
ဘယ်လိုမှမနီးနိုင်လောက်တဲ့အနေအထားမျိုးလား
ငါ မင်းကို သိပ်လွမ်းတယ်။

ငါ့အချစ်ကို မင်းမြင်ချင်ရင်
ငါ့ရင်ဘတ်ထဲအထိဝင်ကြည့်မှရမယ်
စံပယ်ပွင့်လေးတွေကို မြင်လေတိုင်း
မင်းကြိုက်တဲ့သီချင်းလေးတွေကို နားထောင်မိတိုင်း
မင်းကို တမြေ့မြေ့လွမ်းမိတဲ့စိတ်က
ငါ ဘယ်လိုမှခံနိုင်ရည်မရှိဘူး။

မင်း ပျော်နေရဲ့လား
မင်း အဆင်ပြေနေတယ်မဟုတ်လား
အဝေးက ထိုင်ငေးနေရတဲ့အရသာ
ခါးသက်သက်ခံစားရပေမယ့်
မင်းပျော်နေတယ်ဆိုရင် ငါပျော်တယ်။

ငါ မင်းကို သိပ်ချစ်တယ်
သေချာတယ်
ဘယ်လိုပဲငိုကြွေးငိုကြွေး
မင်းကိုလွမ်းနေတဲ့စိတ်က
ဘယ်တော့မှတိတ်မှာမဟုတ်ဘူး။

No comments:

Post a Comment

ကိုယ့်အပေါ်သူ ဘယ်နှစ်ရာခိုင်နှုန်းလောက်ချစ်လည်းစမ်းကြည့်ပေါ့နော်